Activities

Contributing to the Local Community

[English Below]

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော Yangon Aerodrome Company Limited (“YACL”) အနေဖြင့် လူထုအကျိုးပြုလုပ်ငန်းများကို တစိုက်မတ်မတ်အားတက်သရောဆောင်ရွက်ရန် သံဓိဌာန် ချမှတ်ထားပြီးဖြစ်ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား YACL မှ လွှဲပြောင်းတာဝန်ယူကာ ဝန်ဆောင်မှုပေးခဲ့သည့် (၃) နှစ်ပြည့် အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ လိုအပ်ချက်များအနက်မှ ပညာရေးနှင့် ကျန်းမာရေးထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ လေဆိပ်အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများနှင့် ဒေသခံများထံ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းလေ့လာခဲ့မှုများအပေါ် အခြေခံ၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက် နှင့် ၃ ရက်နေ့များတွင် YACL ၏ လူထုအကျိုးပြု ပရဟိတလုပ်ငန်းများဆောင်ရွက်မှု ပထမဆုံးခြေလှမ်းအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပတ်ဝန်းကျင်ရှိ ကျောင်းများမှ ပညာရေးအထောက်အပံ့လိုအပ်နေသော ကလေးငယ် တစ်ထောင်ကျော်အတွက် ပညာရေးထောက်ပံ့ကြေး နှင့် ကျောင်းသုံးစာရေးကိရိယာများကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ဤကဲ့သို့ သွားရောက်လှူဒါန်းမှုသည် YACL ၏ လူထုအကျိုးပြုလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို စီမံခန့်ခွဲတာဝန်ယူဆောင်ရွက်သည့် (၃) နှစ်ပြည့်အထိမ်းအမှတ် အဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်ရာတွင် အရေးပါဆုံးဖြစ်သည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရာတွင် ပညာရေးသည် အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်သည်ဟု YACL အနေဖြင့် ယုံကြည်ပါ သည်။


Yangon Aerodrome Company Limited (“YACL”), the operator of Yangon International Airport (“YIA”), is committed to assisting the local community.

Together with the company’s 3rd-anniversary celebration dinner on 6th October 2018, YACL had made survey visits to schools and communities within the vicinity of YIA for the purpose to understand the needs of the local communities with particular focus on education and healthcare.

Upon the surveys, YACL took the first initiative step by donating educational funds and stationery supplies to more than 1,000 needy children from schools within the YIA vicinity on 2nd and 3rd of October 2018.

This CSR initiative was implemented by YACL as part of its ongoing community development activities and was launched for the 3rd Anniversary of YACL of operation and management at Yangon International Airport.

YACL believes that education is the core foundation to empowering the people of Myanmar, who will play a primary role as contributors to a better future of Myanmar and the world.

 
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
Contributing to The Local Community
 
 


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.