Domestic Flights to resume from December 16

[English Below]

 

_ပြည်တွင်းခရီးသွားများအတွက် ခရီးသွားအသိပေးချက်_

ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေးဆွဲသွားမည်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို သတ်မှတ်ထားသော စံ လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေကြောင်းလိုင်းများတွင် စီးနင်းလိုက်ပါမည့်ခရီးသည်များ၊ လေကြောင်းလိုင်း၀န်ထမ်းများနှင့် လေဆိပ်၀န်ထမ်းများအားလုံး လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန နှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ တရား၀င်ထုတ်ပြန်ပေးသည်နှင့်တပြိုင်နက် လေဆိပ်အသုံးပြုသူများ အချိန်နှင့်တပြေးညီ သိရှိနိုင်ပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တရား၀င်စာမျက်နှာများတွင် ပြန်လည်ဖော်ပြသွားပါမည်။

လေယာဉ်စီးနင်းမည့်ခရီးသည်များအနေဖြင့် MoHS မှ ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များကို အစဉ် လိုက်နာပြီး မိမိတို့၏ခရီးစဉ်ပြင်ဆင်မှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါရန် အကြုံပြုလိုပါသည်။

တရား၀င်လေယာဉ်လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် ၃၆နာရီအတွင်း စစ်ဆေးထားသော Covid ကင်းရှင်းကြောင်း ဆေးစစ်ချက်တို့ကို လက်၀ယ်ကိုင်ဆောင်ထားသော ခရီးသည်များကိုသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ၀င်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး ဖော်ပြပါစာရွက်စာတမ်းများ ပြည့်စုံခိုင်လုံမှုမရှိသည့် ခရီးသည်များကို လေဆိပ်အဆောက် အအုံအတွင်းသို့ ၀င်ရောက်ခွင့်ပြုမည်မဟုတ်ပါ။

ခရီးသည်များအနေဖြင့် ပြည်တွင်းလေဆိပ်အဆောက်အအုံသို့၀င်ရောက်ရန် ဂိတ်အမှတ် - ၄ ကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လိုအပ်သော လုံခြုံရေးစစ်ဆေးမှုများခံယူရပါမည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေဆိပ်အသုံးပြုသူများအတွက် လုံခြုံစိတ်ချမှုရှိပြီး သန့်ရှင်းသည့် ၀န်းကျင်တစ်ခု ဖြစ်စေရန် လိုအပ်သည့် ပြည်သူ့ကျန်းမာရေးလိုအပ်ချက်နှင့်လုပ်ငန်းစဥ်များကို တိုးမြှင့်လုပ်ဆောင်သွားပါမည်။

လေဆိပ်အသုံးပြုသူခရီးသည်များအနေဖြင့် ဖော်ပြပါအချက်အလက်များကို သိရှိလိုက်နာပြီး ဘေးကင်းလုံခြုံစိတ်ချမှုရှိသော ခရီးစဉ်များဖြစ်စေရန် ဆက်လက်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

 

_Domestic Travel Advisory_

Domestic Flights to resume from December 16

According to the notification issued by The National-Level Committee on Prevention, Control and Treatment of Coronavirus Disease 2019 (COVID-19), domestic Flights operations will recommence following the standard operating procedures starting from December 16, 2020.

Required health and safety procedures for passengers, airlines personnel and airport staffs will be issued by Ministry of Health and Sports and DCA, and YACL will release update information in a timely manner to airport users.

Domestic travellers are advised to follow the health and safety protocols from MoHS and contact with your respective airlines for the required travel arrangements.

The Terminal will be ONLY open to Passengers with all 3 documents: valid ticket, Identification, and 36 Hour Covid Test Result. Passengers will not be allowed in the Terminal if required documents are incomplete.

All Passengers are to enter Terminal 3 and proceed with security check via Gate 4.

Yangon International Airport will implement all necessary public health requirements and procedures, to provide a safe and clean environment for our airport users.

Thank you for your understanding, and we look forward to serving you again!

 

Domestic Resumption


Web Developer: Myanmars.NET, Yangon, Myanmar. © Copyright 2018 by Yangon Aerodrome.